27 May 2018

မြန်မာတို့ အရာရာ နေ၀င်ချိန်ရောက်ပြီလား ?



 မြန်မာ့အရေးကို တွေးလိုက်မြင်လိုက်ရင်.. အရာရာနေ၀င်ချိန်မှာ မြင်နေရပြီလားလို့တွေးရင်း သက်ပြင်း ချရတယ်။

စီးပွားရေးလား  ?...

..ဒေတာ အလွဲတွေနဲ့ကမ္ဘာ့ဘဏ် ထုတ်ပြန်ချက်အထိ အလိမ်တွေရောက်သွားအောင်လုပ်နေကြမှတော့..နိုင်ငံ အုပ်ချုပ်သူတွေမှားနေတာ အပြစ်မမြင်ချင်တော့ဘူး  ...ဒါပေမယ့်အောက်ခြေက လိမ်နေသူတွေ၊ပါတီထဲက အနားပြာ လူလိမ်တွေကြောင့် ပိုဆိုးလာတာပါပဲ။

...ဘူးလက်ကြီးကလည်း ရေးတယ် ။ င
မန်း ရဲ့ လက်ရာတွေ ထုတ်ရေးတယ်။ ငမန်း မကလို့ဝေလငါး ဖြစ်ဖြစ် တိုင်းပြည် တိုးတက်ပြီး သူတို့ချမ်းသာရင် Win-Win လို့ပြောလို့ ရပါသေးတယ်။


ဥပမာပြောရရင် ၊မြို့တော်ဝန် ဦးကိုလေးလက်ထက်ကို မီလိုက်သူတွေသိပါတယ်။ ဦးကိုလေး လက် ထက် မှာ ရန်ကုန်မြို့ကြီးဟာ တော်တော်ပြုပြင်ခဲ့ပါတယ်။ လမ်းတွေ သေသေချာချာ ဂရုစိုက်ပြင်တယ်။ စီးတီး ဂေါက်ကလပ်ကြီး လုပ်တယ်။ သူလည်း စားတာပါပဲ။

ပေမယ့် သူ့လက်အောက်မှာ စည်ပင်ဝန်ထမ်းတွေပျော်ကြတယ်။ ရန်ကုန် လူထုလည်း ကျေနပ်တယ်။ဒီတော့ Win-Win လို့တောင်ပြောရမလိုပါပဲ။

ဘာလဲ အဂတိလား? ...   အာဆီယံနိုင်ငံ အားလုံး အဂတိ ကင်းတာ တစ်နိုင်ငံမှ မရှိဘူး ။ ဗီယက်နမ်
ွားကြည့် ဆိပ်ကမ်းမှာစောင့်တဲ့ စစ်ယူနီဖောင်းနဲ့ စစ်သားက အစ အရက်တောင်းတတ်တယ်။

ဒီတော့ အဂတိကင်းဖို့က တိုက်ဖျက်နေရုံနဲ့ မရဘူး ။ စနစ်တွေပြင်ရတယ်ဆိုတာ နားလည်ဖို့လိုတယ်။e-Governance စနစ်တွေနဲ့ ပြည်သူကို ၀န်ဆောင် မှူပေးပြီး၊ ပြည်သူကိုမြန်ဆန်သက်တောင့် သက်သာ ရှိမှု တိကျတဲ့ အချက်အလက်တွေ ပေးထားရင် ဘယ်သူကမှ အဂတိ မလုပ်နိုင်ကြတော့ပါဘူး။

အာဆီယံနိုင်ငံတွေ ဒီစနစ်တွေ လုပ်နေကြပြီ။ မြန်မာ ကျန်ခဲ့ပြီ။ ဒါတွေမလုပ်ဘဲစိတ်ကူးတည့်ရာ အကောင် အထည်ဖော်နေကြတယ်။ တစ်ကယ်ပြောင်းရမည့် စနစ်တွေကိုမပြင်ဘဲ ငွေအရလွယ်ပြီး လူမြင်ကောင်း တာတွေ လိုက်လုပ်နေတယ်။

ဥပမာ .. ရန်ကုန် စီးတီးပရောဂျက်ကြီးလိုမျိုးပေါ့။ ဒီတော့ အကြွေးတွေတက် ငွေကြေး ပိုဖောင်းပွ(ကျဆင်း တယ် ဆိုတာ လိမ်တာပါ ။ မယုံရင် မနှစ်က ကြက်ဥ တစ်လုံးဈေးနဲ့ ဒီနှစ်ကြက်ဥ တစ်လုံးဈေး ပဲ ယှဉ်ကြည့်ပါ)

ဒီတော့ စီးပွားရေးကိုပြောရရင် ဖာသည်မ တစ်ယောက် အော်ဒါ မရလို့ညအိပ်ရေးပျက် မိုးလင်း နေတဲ့ စီးပွားရေးလို့ ပြောရမလိုပါပဲ အလှပြင်ရင်း မိုးသာ လင်းသွားတယ် အော်ဒါကတော့ မရပါဘူး။

လူမှူရေးလား... ?

..လစ်ဗြဲ စံတွေကို ကျောင်းစာအ
ုပ်ထဲ သွင်းတာကို ပြောင်းလဲတယ်လို့ ခေါ်တဲ့ ခေတ်မှာ ဒုတိယ

မြန်မာ နိုင်ငံတော်ခေတ်ကို မူဆလင်တွေ အတူနေထိုင်ကြကြောင်း၊ မြကန်ကို ကုလားတွေ တူးဖော်ကြ
ကြောင်းတွေ အလေးပေး လိမ်ညာလာကြတယ်။ သာသနာတော်ကြီးကို မထီမဲ့မြင်ပြုလာကြတယ်။

သံဃာ့နာယက အဖွဲ့ဟာ ကျောက်ဆင်းတု ကိုယ်တော် အဖွဲ့အစည်းဖြစ်လာတယ်။ မဘသ ဆိုတာလဲ ချဉ်ဖတ် အဖွဲ့ဖြစ်အောင် ကမ္ဘာသိ အပုတ်ချ တိုက်ခိုက်ဖျက်ဆီးခဲ့ပြီး အာဏာမရှိအောင် ဖန်တီးတယ်။လစ်ဗြဲ စံတွေနဲ့အညီ လူငယ်တွေကြားထဲမှာ အချောက်တွေ၊ လင်ငယ်နေတာတွေ၊ အဖော်အချွတ်တွေ၊အကျင့်ပျက် စာပေတွေ ၊အဆဲအဆို ထိပ်ထားပြီး ပါတီကို ကာကွယ်တဲ့ သူတွေရှေ့တန်းတင်လာတယ်။

ညာရှင်တွေထဲက ကိုယ့်ကို ကောင်းကြောင်းပြောသူတွေပဲ နေရာပေးတယ်။ အမှန်ပြောသူတွေ ဖယ်ထုတ် ပြစ် တယ်။ ပညာရေးကိုဗြောင်းဆန်နေအောင် လုပ်တယ်။ ၀န်ထမ်းတွေကို စနစ်ကျနမှု စည်းကမ်းရှိမှု
င်ပေးတဲ့ စစ်သင်တန်းတွေကို အညှိုးနဲ့ စစ်မုန်း ၀ါဒနဲ့ဖျက်ပစ်တယ်။

သာသနာ အကျိုးပြု ဘာသာရေးကျောင်းတွေကို သူပုန်ဌာနတွေလို စစ်တယ်။ ဘာသာခြားကျောင်းတွေတော့ လက်ဖျားနဲ့တောင် မတို့ဘူး... ဒါတွေကြောင့်မြန်မာ့ လူမှူရေးတွေလည်း နေ၀င်နေပါရောလား။


ကာကွယ်ရေးလား ... ?


...စစ်လော်ဘီတွေလည်း အသံတိတ်
လာပြီ။ စစ်တပ်ကလည်း ထီကနဲဆို ခံနေရတာတွေချည်း တက်လာ ပြီ။ ဘာကြောင့်လဲ၊ အစိုးရကိုယ်တိုင်က ဧည့်စာရင်းဖျက်တယ် ။ နောက်ယောင်ခံ ဥပဒေဖျက်တယ်။


နိုင်ငံတော် ဖျက်ဆီးသူများရန်က ကာကွယ်ရေး ဥပဒေဖျက်တယ် ။ သူပုန်ကို ဖြတ် ၄ ဖြတ် နဲ့တိုက်မရ အောင် လူ့အခွင့်အရေးနဲ့ ကာကွယ်ပေးတယ် ။ စစ်တပ်က တစ်ကယ် လုပ်တဲ့သူတွေ ထောင်ချပစ်တယ်။

ဒီတော့ ဘယ်သူမှ တစ်ကယ် မလုပ်ကြတော့ဘူး ။ တိုက်ချင် ခိုက်ချင် စိတ်လည်း အောက်ခြေမှာ
ဘယ်သူမှ မရှိကြတော့ဘူး ။ တပ်မတော်ကို ထောက်ခံပါတယ် ဖင်ဖြဲအော်နေကြတာ ။ ခင်ဗျားတို့ထောက်ခံတဲ့ တပ်မတော်က လူကြီးတွေ လုပ်ရပ်တွေကရော မှန်ရဲ့လားလို့ ပြန်သုံးသပ်ကြဖို့လိုနေပြီ။

အောက်ခြေ စစ်သည်တွေရဲ့ စိတ်ဓါတ်မြှင့်တင်ရေးအတွက်ဘာတွေ လုပ်သင့်လဲ ။ သူပုန်က အမြဲ အသက်တွေ ချွေနေတဲ့ စနိုက်ပါကိုတောင် တန်ပြန်နိုင်တဲ့ သာလွန် စနိုက်ပါလေးတောင် မတပ် ပေးဘဲ တစ်ခါလာလည်း MAS ကို ထုတ်ကြွားနေကြရင်းနဲ့ ကိုယ့်ဆီက လူတွေ ကုန်တော့မယ်။

တပ်ထဲမှာလည်း တပ်ရင်းမှူးက အစ ခွင့်မဲ့တွေဖြစ်လာပြီ။ ဒါတွေဟာ တပ်မတော်အတွက် အပြောင်း
အလဲကြီး လိုနေပြီ ဆိုတာ သတိပေးနေတာသာဖြစ်တယ်။ မဟုတ်ရင်တော့ တပ်မတော်လည်း နေ၀င်ချိန် ရောက်လာလိမ့်မယ်။

နိုင်ငံရေးလား ... ?


...လက်ရှိဦးဆောင်နေသူတွေကေ
တ်ာတော် ရီရတယ်ဗျ.  နိုင်ငံမှာ ငြိမ်းချမ်းရေးက အရေးအကြီးဆုံးဆိုပြီး၊မေမေ့ထမြီ တစ်ချက်ရမ်းရင် အကုန်ဇေပိစ် ထင်ပြီးကြွေးကျော် တက်လာတယ်။ ဗြောင်ပြော ရရင်ဒေါ်စုကြည်မြန်မာပြည် အကြောင်း ဘာမှမသိဘူး ။ အသားလွတ် ဘ၀င်မြင့်နေတာပဲရှိတာ။


တစ်ကယ်က စီးပွားရေးကို အရင် တိုးတက်အောင် လုပ်ရမှာ သူမသိရှာဘူး ။ ဘာဖြစ်လို့လဲဆိုတော့ ဒီသူပုန် ငတိတွေဟာ ပြည်ပအားကိုးတွေမရိုးသားသူတွေအများစုဆိုတာ သူမှသဘောမပေါက်တာ ။

ရှေ့မှာ တိုင်းရင်းသားအရေး ဘန်းပြပြီးအိမ်နီးချင်းတွေ၊ အနောက်အုပ်စုတွေရဲ့ Buffer Policy ရဲ့သားကောင်တွေ ဖြစ်နေပြီး၊ အာဏာရရေးနဲ့ မူးယစ်ဆေးဝါးက ငွေအလွယ်ရပြီး ချမ်းသာရေး၊ကို ဦးစား ပေးနေတာဖြစ်တယ် ဆိုတဲ့ အဖြစ်မှန်တွေကို ဒေါ်စုကြည်မျက်ကွယ်ပြုပြီး လူကြားကောင်းအောင် လုပ်နေ တဲ့အတွက် ၊ဘယ်တော့မှ မငြိမ်းချမ်းနိုင်တဲ့ အခြေအနေတွေနဲ့ပဲ ပတ်လည်ရိုက်နေမှာဖြစ်တယ်။

မော်လဒိုက်လို နိုင်ငံမှာ သူပုန်ခေါင်းဆောင်တွေက ဇိမ်ခံစ ခန်းကြီးတွေ ၀ယ်ထားနိုင်ပြီ။ ဝေါစထရိမှာ ကွန်ဒိုကြီး ပိုင်နေပြီ ဆိုတာ ဒေါ်စုသိရဲ့လားတော့ မသိပါဘူး။

ဒီတော့ ဒေါ်စုရေ ငြိမ်းချမ်းရေးလည်း မမျှော်ပါနဲ့၊ စီးပွားရေးလည်း ၀ိုင်းလိမ် နေသူတွေကိုမဖြုတ် မချင်း တိုင်းပြည် ပျက်ခါနီးပါပြီ ။

...အားလုံး ခြုံသုံးသပ်ရရင်ေ
တာ့ ဘက်စုံနေရာတစ်ကာ နေတွေဝင်နေတဲ့ တိုင်းပြည်ဟာမြန်မာလို့သာ... 



စစ်သွေး(၂၇-၅-၂၀၁၈)
  
Moe Kyaw



No comments:

Post a Comment